top of page

Camera Picture Profile

  • Writer: Soe Naing
    Soe Naing
  • Nov 21, 2017
  • 4 min read

ကင်မရာ ဆရာတို့ အတွက်

Picture Profile

Picture Profile ဆိုရင် ကင်မရာသမားတိုင်း သိမယ်လို့ ထင်ပါတယ်။ Picture Profile ဆိုတာ ကင်မရာမှာပါတဲ့ setting ပါဘဲ။ ကင်မရာက color နဲ့ ပက်သက်လို့ လိုအပ်သလို chane ရတဲ့ ဟာပါ။ ဒီနေရာမှာ Sony ကင်မရာကို အခြေခံပြီးပြောပါမယ်။ တခြား ဘရန်းတွေလည်း ယေဘူယျအားဖြင့် တူမယ်လို့ ထင်ပါတယ်။ PP နဲ့ ပက်သက်လို့ အသေးစိတ် သိချင်ရင်တော့ http://helpguide.sony.net/di/pp/v1/en/index.html မှာလေ့လာနိုင်ပါတယ်။ ခုနပြောသလိုပါဘဲ Picture Profile မှာပါတဲ့ Gamma နဲ့ [detail] ဆက်တင်တွေကို ပြောင်းပေးခြင်းဖြင့် ရုပ်ထွက် အရည်အသွေးကို လိုသလို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ ဒီ setting တွေကို ချိန်ညှိတဲ့ အခါ ကာလာမှန်တဲ့ TV ဒါမှမဟုတ် Monitor နဲ့ ကင်မရာကို ချိတ်ဆက်ပြီး ချိန်ညှိခြင်းအားဖြင့် ရုပ်ထွက် အရည်အသွေးကို ကြည့်ရှုနိုင်ပါတယ်။ Sony ဆိုပေမဲ့ မော်ဒယ်တွေ များတော့ လုံးဝ ကွက်တိ မဟုတ်ပေမဲ့ setting တွေက အများအားဖြင့်_

MENU → (Camera Settings) → [Picture Profile] → ကနေ ကိုယ်ချိန်ညှိမဲ့ picture profile ကိုရွေးရမှာ ဖြစ်ပါတယ်။ အဲဒီမှာ စက်ရုံက ကြိုတင်ပြီး setting လုပ်ပေးထားတဲ့ perset picture profile တွေရှိပါတယ်။ PP1......PP7,8,9 ဆိုတာမျိုးတွေပါ။

PP1: မှာ [Movie] gamma ကိုသုံးပြီး နမူနာ setting လုပ်ပေးထားပါတယ်။ PP2: မှာတော့ ဓါတ်ပုံအတွက် [Still] gamma နဲ့ လုပ်ထားပါတယ်။ PP3: မှာ သဘာဝ အရောင်( natural color tone) အတွက် ITU709 gamma နဲ့ setting လုပ်ထားပါတယ်။ PP4: မှာ [ITU709] standard ရဲ့ မူရင်း အတိုင်းလုပ်ထားပါတယ်။ PP5: မှာတော့ [Cine1] gamma နဲ့ ရုပ်ရှင် စတိုင် အရောင်မျိုး လုပ်ထားပါတယ်။ PP6: မှာလည်း PP5လိုပါဘဲ။ [Cine2] gammaကို ရုပ်ရှင် အရောင် ချိန်ထားပါတယ်။ PP7: မှာတော့ sony ရဲ့ သီးသန့် Gamma curve ဖြစ်တဲ့ [S-Log2] gamma နဲ့ ချိန်ထားပါတယ်။ ဒါနဲ့ ရိုက်ရင် ရုပ်ထွက်မှာ မှုန်နေပြီး color grading လုပ်ရပါတယ်။ Dynamic ပိုများပြီး နောက်ဆုံး ရုပ်ထွက်ပိုကောင်းပါတယ်။ နောက်ဆုံးပေါ် sony camera တွေမှာ S-log3 ထိပါနေပါပြီ။

ဒီ PP တွေမှာ ချိန်စရာတွေကတော့၊ ၁။Black Level ၂။Gamma ၃။Black Gamma ၄။Knee ၅။Color Mode ၆။Detail ၇။Copy ၈။Reset... ဆိုတာတွေ ရှိပါတယ်။ အများအားဖြင့် sony ကင်မရာတွေမှာပေါ့နော်။ အဲဒါတွေကို ချိန်ညှိပြီး ကိုယ့်စိတ်ကြိုက် အရောင် အသွေးကို ချိန်နိုင်ပါတယ်။

၁။Black Level အမည်းရောင်နဲ့ ပက်သသက်တဲ့ setting ပါ။ အနည်းအများကို အနှုတ် ၁၅ ကနေ အပေါင်း ၁၅ အတွင်း ချိန်လို့ရပါတယ်။ black level. (–15 to +15)

၂။Gamma ဒါကတော့ gamma curve ကိုချိန်တာပါ။ ဒီမှာ curve setting အမျိုးမျိုး ရှိပါတယ်။ Movie: ဟာ movie အတွက် ပုံမှန် gamma curve ဖြစ်ပြီး၊ Still: ဟာလည်း ဓါတ်ပုံ အတွက် ပုံမှန် gamma curve ဖြစ်ပါတယ်။ Cine1: ကတော့ အမှောင်ကျတဲ့ အပိုင်းတွေကို contrast ဖျော့ဖျော့လေးတွေ ဖြစ်စေပါတယ်။ အရမ်း လင်းလွန်းတဲ့ အပိုင်းကိုလည်း လျှော့ချပြီး တည်ငြိမ်တဲ့ အရောင်ကို ဖြစ်ပေါ်စေပါတယ်။ Cine2: ကလည်း [Cine1] နဲ့ ခပ်ဆင်ဆင်ဖြစ်ပေမဲ့ သူက ကာလာ data ပိုပြည့်ဝပြီး editing အတွက် video signalကို ၁၀၀% ထုတ်ပေးပါတယ်။ Cine3: ကတော့ Cine1 နဲ့ Cine2 တို့ထက် အလင်းများတဲ့ နေရာရော အမှောင်နေရာမှာပါ contrast ပိုများပါတယ်။ အလင်းနဲ့ အမှောင် ရောစပ်တဲ့ အပိုင်းမှာလည်း ပိုပြီး ထင်ရှား စေပါတယ်။ Cine4: မှာကျတော့ အဲဒီ အလင်း အမှောင် ဆက်စပ်ရာမှာ Cine3 ထက်ကို ပိုပြီး contrast အားကောင်းပါတယ်။ movie အတွက်ကတော့ အမှောင်ဘက်မှာ contrast နည်းပြီးတော့ အလင်းဘက်မှာ များနေတာတွေ့ရပါမယ်။

ITU709: ကတော့ ကျွန်တော်တို့ video ရုပ်ပုံတွေမှာ အင်းဆုံးနဲ့ အမှောင်ဆုံးကြားမှာ အဆင်ပြေအောင် သတ်မှတ်ထားတဲ့ ITU-709 Gamma curve ဆိုတာရှိပါတယ်။ အဲဒီ Gamma curve နဲ့ သက်ဆိုင်တဲ့ အမျိုးအစားပါ။

ITU709(800%): ကလည်း Gamma curve တစ်ခုဖြစ်ပြီး၊ [S-Log2] နဲ့ အတော် ဆင်တူပါတယ်။

S-Log2: ဒီ Gamma curve ကတော့ sony က မကြာသေးခင်ကမှ တီထွင်လိုက်တဲ့ Gamma curve ဖြစ်ပါတယ်။ဒီ ဟာကို သုံးမယ်ဆိုရင်တော့ ရိုက်ပြီးတဲ့ အခါ color grading လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။

၃။Black Gamma ဒီ curve ကတော့ အရောင် ဖျော့တဲ့ နေရာတွေကို ပြင်ဖို့ဖြစ်ပြီး၊ နေရာ အကျယ်အဝန်းကို ရွေးချယ်နိုင်ပါတယ်။Range: (Wide / Middle / Narrow) Level setting ကတော့ -7 ( အနက်ရောင် အများဆုံးနဲ့ +7 အနက်ရောင် အများဆုံး ပြန့်နှံ့မှု ) တို့ဖြစ်ပါတယ်။

၎။Knee ဆိုတာနဲ့ ပက်သက်လို့ သီးသန့် ပို့စ်တင်ဘူးပါတယ်။ သူ့အဓိပ္ပါယ်ကလည်း ဒူးနဲ့ တိုက်ရိုက်တူပြီးတော့ gamma curve ကို ဘယ်နားမှာ ကွေးသွားမယ် ဆိုတဲ့ setting ပါ။Sets knee point and slope ဟာ video signal ကို over-exposure မဖြစ်အောင် ကင်မရာရဲ့ dynamic range ကို ရိုက်မဲ့ အရာ( ဧရိယာ) အလင်းဆုံးအပိုင်းကို ထိန်းညှိပေးပါတယ်။ ဒီ Knee function ကို သုံးချင်ရင်တော့ Manual Mode ကိုထားပြီး သုံးရပါတယ်။ တကယ်လို့ Auto မှာ ထားမယ်ဆိုရင်၊ [Still], [Cine1], [Cine2], [Cine3], [Cine4], [ITU709(800%)], [S-Log2] in [Gamma] တွေကို သုံးတဲ့ အခါ ဒီ [Knee] ဟာ off ဖြစ်သွားမှာပါ။ Auto Mode မှာ ထားရင်- အမြင့်ဆုံး Knee point ကို 90% နဲ့ 100% ကြားကိုထားပေးပါတယ်။ အဲဒီမှာ Sensitivity ကို (High / Mid / Low) သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ Knee setting ကို Manual မှာ ထားမယ်ဆိုရင် Point ကို (75% to 105%)ထားနိုင်ပြီး Slope ( Curve ကို ဘယ်လို ပြေဆင်းမယ်)ကို (-5 (gentle) to +5 (steep) ထားနိုင်ပါတယ်။

၅။Color Mode ဒီ mode မှာ အရောင် အမျိုးအစားနဲ့ အနည်းအများကို setting လုပ်နိုင်ပါတယ်။ Movie: မှာ [Gamma] ကို [Movie] mode ကို ထားရင် movie နဲ့ သင့်တော်တဲ့ အရောင်ကို ရမှာဖြစ်သလို Still: မှာလည်း [still] မှာထားရင် ဓါတ်ပုံအတွက် သင့်တော်တဲ့ အရောင်ကို ရပါတယ်။ Cinema: ဒီမှာလည်း အတူတူပါဘဲ။ cine1 ကို ရွေးရပါတယ်။ Pro: ဒါကတော့ Sony ရဲ့ professional cameras တွေမှာမှ ရတဲ့ color tones မျိုးကို ရစေပါတယ်။ ဒီ pro mode နဲ့ ITU-709 gamma ပေါင်းပြီး ရတာဖြစ်ပါတယ်။ Black & White: black and white ရိုက်မယ်ဆိုရင် ဒီမှာ saturation setting ကို သုည(၀) မှာထားပြီး ရိုက်ရပါတယ်။ S-Gamut: [Gamma] ကို [S-Log2] နဲ့ သုံးရင် ဒီ Setting ကို သုံးပါတယ်။ သတိထားဖို့ကတော့ ရိုက်ပြီးရင် ပုံကို လိုအပ်သလို ကာလာပြန်ချိန်ရပါတယ်။ Saturation ကတော့ အရောင်တောက်ပလာခြင်းကို setting လုပ်တာပါ။ (-32 to +32) အတွင်းချိန် ညှိနိုင်ပါတယ်။ Color Phase ဆိုတာကတော့ အရောင် ရွေ့လျားခြင်းလို့ ပြောရမလားဘဲ။ color wheel မှာ အရောင်တစ်နေရာကနေ တစ်နေရာ ပြောင်းသွားတဲ့ ဟာမျိုးပါ။ ကာလာ အခေါ်အရ Hue လို့ခေါ်ပါတယ်။ (-7 to +7) အတွင်း ချိန်ညှိနိုင်ပါတယ်။ Color Depth ဒီဟာက အရေးကြီးပါတယ်။ pixel တစ်ခုအတွင်းမှာ အရောင် ဘယ်လောက်ပါတယ်ဆိုတာကို ချိန်တာပါ။ bit နဲ့ ရေတွက်ပါတယ်။ အလင်းအမှောင်နဲ့ မဆိုင်ဘဲ အရောင်တွေနဲ့ ပိုပြီး ပက်သက်ပါတယ်။ အပေါင်းဘက်ထားရင် အရောင်ပိုစိုလာပြီး အနှုန်ဘက်ဆိုရင် ခြောက်လာပါတယ်။ ဒီ setting ဟာ[Color Mode] ကို [Black & White] မှာ ထားရင်တောင် အရောင်ကို ပိုပြီး စိုစေပါတယ်။ ( ကျစ်လစ်တဲ့ အရောင် ကိုရစေပါတယ်။) [R] -7 (light red) to +7 (deep red) [G] -7 (light green) to +7 (deep green) [B] -7 (light blue) to +7 (deep blue) [C] -7 (light cyan) to +7 (deep cyan) [M] -7 (light magenta) to +7 (deep magenta) [Y] -7 (light yellow) to +7 (deep yellow)

၆။Detail နာမည်အတိုင်းဘဲ ဒီတေးလ်ဆို ဒီတေးလ်ပေါ့။ ရှင်းပါတယ်။ အသေးစိတ်လေးတွေကို ချိန်တာပါ။ Level: [Detail] level ကို (-7 to +7) အတွင်း ချိန်ညှိနိုင်ပါတယ်။ အောက်မှာ ဖေါ်ပြထားတာတွေကို ချိန်ညှိ ( Adjust) နိုင်ပါတယ်။ Mode: မှာ auto နဲ့ manual setting ရှိပါတယ်။Auto ဆိုရင် အလိုအလျှောက် ချိန်ပေးမှာ ဖြစ်ပြီး Manual ထားရင်တော့ ကျန်တာတွေကို ကိုယ့်ဘာသာ စိတ်ကြိုက် setting ကိုလုပ်ရပါမယ်။ V/H Balance: အထက်အောက် vertical (V) နဲ့ ရေပြင်ညီ ဘေးတိုက် Horizontal (H) အသေးစိတ်ကို ချိန်ညှိတာပါ။ (-2 နဲ +2 ရှိပြီးတော့ အနှုတ်က ဒေါင်လိုက်အတွက်ဖြစ်ပြီး အပေါင်းက အလျားလိုက်အတွက်ပါ။ B/W Balance: ကတော့ lower DETAIL (B) လို့ခေါ်တဲ့ အမည်ရောင် နဲ့ upper DETAIL (W) အဖြူရောင်မှာ detail ကိုညှိတာပါ။ 1 ဆိုရင် lower DETAIL off ဖြစ်ပြီး 5 ဆိုရင် upper DETAIL off ဖြစ်ပါတယ်။ Limit: ဒါကတော့ [Detail]level ကို ဘယ်လောက်အထိဆိုပြီး setting လုပ်တာပါ။ 0 ကနေ 7 ထိရှိပြီး 0 ဆိုရင် လုံးဝ ထိန်းထားပြီး 7 ဆိုရင် လုံးဝ မထိန်းတော့တဲ့ သဘောပါ။ Crispning: မြန်မာလို ဘယ်လိုခေါ်လဲ ကျွန်တော်မသိပါ။ အရောင် ဟပ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ဒါမှမဟုတ် အရောင် ပြေလျော့တာမျိုးပေါ့။ ( ဟီးး အဲလိုလည်း မဟုတ်ဘူး။ ဥပမာ၊ အရောင် နှစ်ခု ရှိနေတာကို ပိုကြည့်ကောင်းစေတာ၊ ပေါ်လွင်စေတာ ၊ အဲဒါမျိုးနဲ့လည်းဆိုင်ပါတယ်။) 0 မှာဆို နည်း ( ဖျော့)ပြီး 7 မှာဆို များပါတယ်။ Hi-Light Detail: ဒါကတော့ အလင်းများတဲ့ နေရာ(area)တွမှာ [Detail] ကို ချိန်တာပါ။(0 ကနေ 4 အတွင်းချိန်နိုင်ပါတယ်။)

၇။Copy ဒီ ဖန်ရှင်ကတော့ picture profile တစ်ခုကို နောက် တစ်နေရာကို ပြောင်းယူတာပါ။ ကော်ပီ ကူးယူတာပေါ့။ MENU > (Camera Settings) > [Picture Profile] > [Copy]

၈။Reset ဒါကလည်း ရှင်းပါတယ်။ setting အားလုံးကို default setting ဖြစ်အောင် လုပ်တာပါ။ ဒါပေမဲ့ picture profile အားလုံးကိုတော့ တပြိုင်တည်း Reset လုပ်လို့မရပါဘူး။ MENU > (Camera Settings) > [Picture Profile] > [Reset]

ရိုက်တဲ့ အခါမှာ ကိုယ်ကြိုက်နှစ်သက်ရာ setting တွေကို ပြောင်းပေမဲ့ video နဲ့ still ဓါတ်ပုံတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြတုန်းပါဘဲ။ ဒါပေမယ်လို့ Raw နဲ့ ဆိုရင်တော့ Black Level,Black Gamma ,Knee ,Color Depth တွေဟာ မဆက်စပ်တော့ပါဘူး။ သတိပြုဖို့ကတော့၊ တကယ်လို့ Gamma တန်ဘိုးကို ပြောင်းရင် ISO တန်ဘိုးလည်း လိုက်ပြောင်းပါတယ်။ ဘာဖြစ်တတ်လဲ ဆိုတော့ အလင်းနည်းတဲ့ အပိုင်း မှောင်တဲ့ အပိုင်းတွေမှာ Noise တွေ ပိုထတတ်ပါတယ်။ Gamma setting အလျောက်ဖြစ်နေမှာပါ။ အဲဒီလို ဖြစ်ရင် lens ကို ချိန်ညှီပြီး လျှော့ချနိုင်ပါတယ်။ ( lens နဲ့ ပက်သက်တဲ့ ပို့စ်မှာ ရှာကြည့်ပါ။ ) S-Log2 gamma ကို သုံးမယ်ဆိုရင် တခြား gamma တွေကို သုံးတာထက် noise တွေထတာ ပိုသိသာပါတယ်။ အဲဒီလိုမဖြစ်အောင် brighter setting နဲ့ ရိုက်ရပါတယ်။ Brighter setting နဲ့ ရိုက်တဲ့ အတွက် Dynamic Range ကတော့ နည်းသွားပါတယ်။ S-Log2 နဲ့ ရိုက်မယ်ဆိုရင် အစမ်းရိုက်ကြည့်သင့်ပါတယ်။ [ITU709(800%)] ဒါမှမဟုတ် [S-Log2] setting မှာ white balance မှာ မှားတတ်ပါတယ်။ အဲဒီလို အမှားမျိုးမဖြစ်အောင် exposure ကိုတင်ပြီး အလင်းကို အရင် တင်လိုက်ပါ။ ပြီးမှ ကိုယ်ကြိုက်သလို setting တွေကို ပြောင်းပါ။ [ITU709(800%)] ပဲဖြစ်ဖြစ် [S-Log2] ပဲဖြစ်ဖြစ် [Black Level] setting ကို ပိတ်ပစ်ပါတယ်။ တကယ်လို့ Manual setting နဲ့ [Slope] ကို +5 ထားရင် [Knee] ဖန်ရှင်က [Off] ဖြစ်သွားပါတယ်။ ဒီ S-Gamut ဟာ အရောင်တွေနဲ့ ပက်သက်ပြီး ရုပ်ရှင်ကင်မရာ ကြီးတွေလို Color Space ကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပေးပါတယ်။


Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page