top of page

Mirrorless နဲ့ SLR(DSLR) Camera

  • Writer: Soe Naing
    Soe Naing
  • Dec 27, 2017
  • 3 min read

Digital camera တစ်လုံးဟာ lens လဲလှယ် အသုံးပြုလို့ရရင် "mirrorless interchangeable-lens camera" (MILC), "hybrid camera" and "compact system camera" (CSC) လို့ ခေါ်ပါတယ်။ Mirrorlrss Camera တွေဟာ digital SLR(dslr) ကင်မရာတွေထက် အရွယ်အစား သေးငယ် ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ mirrorlrss တွေမှာ viewfinder အတွက် မြင်ကွင်းကို ဒေါင့်ခံပြီး ပို့တဲ့ မှန်မပါ လို့ပါဘဲ။ ဒီ mirrorless camera တွေကို "mirrorless DSLRs" ဒါမှမဟုတ် "mirrorless SLRs" လို့လည်း ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ mirrorless တွေဟာ lens မျိုးစုံ ပြောင်းလဲ ပြီး အသုံးပြုနိုင်လို့ပါဘဲ။

Mirrorlrss Camera တွေဟာ digital SLR(dslr) 8 မှာ စတင် မိတ်ဆက်လာပြီး 2011 ခုနှစ်မှာ Professional ဓါတ်ပုံ သမားတွေကြားမှာ လူကြိုက်များလာခဲ့ပါတယ်။သူ့ရဲ့ အားသာချက်ဖြစ်တဲ့ ထိုးချိန်ပြီး အလျှင်အမြန် ရိုက်နိုင်တာကြောင့် dslr သမားတွေဟာ mirrorless camera ကို ပြောင်းကိုင်လာကြပါတယ်။ ပြီးတော့ sensor အရွယ်အစား ကြီးလာသလို high-end features တွေ ထည့်လာသလို lens မျိုးစုံကို ပြောင်းသုံးနိုင်တာတွေ ကြောင့် ဖြစ်ပါတယ်။

DSLR Camera တွေဟာ အရင်တုန်းက 35mm film cameras ဒီဇိုင်းတွေကို အသုံးပြုကြပါတယ်။ မှန်ဘီလူး( lens) ကိုဖြတ်ပြီး ဝင်လာတဲ့ အလင်းတန်းတွေကို မှန်တစ်ချပ်နဲ့ ရောင်ပြန်ဟပ်စေပြီး အပေါ်ဘက်မှာရှိတဲ့ prism ဆီကို ရောက်စေပါတယ်။ အဲဒီကမှ တဆင့် viewfinder ဆီကိုပို့ပေးပြီး ပုံရိပ်ကို viewfinder ကမြင်ရတာ ဖြစ်ပါတယ်။Shutter ခလုတ်ကိုနှိပ်လိုက်တဲ့ အခါ အဲဒီ sensor ရှေ့မှာ ခံထားတဲ့ မှန်ဟာ အပေါ်ကို တက်သွားပြီး ဝင်လာတဲ့ အလင်းတန်း တွေဟာ sensor ပေါ်ကိုကျ ရောက်ပြီး sensor ကနေ ပုံရိပ်တွေကို ဖမ်းယူတာဖြစ်ပါတယ်။

Mirrorless Camera မှာ အလင်းတန်းဟာ lens ကို ဖြတ်ပြီးတာနဲ့ တပြိုင်နက် image sensor ပေါ်ကိုကျရောက်ကာ ပုံကိုပေါ်စေပြီး နောက်မှာ ရှိတဲ့ lcd display screen မှာ ချက်ချင်း ကြည့်နိုင်ပါတယ်။ တဆက်ထဲမှာဘဲ ပုံကို Electronic viewfinder ဆီကို ပို့ပေးပါတယ်။

Size and Weight

DSLR cameras တွေဟာ အထိုက်အလျှောက် အရွယ်အစား ကြီးပါတယ်။ အတွင်းမှာ viewfinder အတွက် mirror နဲ့ prism ကို ထည့်ထားရတဲ့ အတွက် မကြီးလို့ မရပါဘူး။ Mirrorless Camera တွေဟာ dslr camera တွေထက် အရွယ်အစား သေးငယ်ပါတယ်။ အဲဒါကြောင့် ကိုင်တွယ် သယ်ယူရတာ လွယ်ကူပြီး ကင်မရာ အိတ်ထဲမှာလည်း တခြားအပို ပစ္စည်းတွေ ပိုထည့်လို့ ရပါတယ်။

Autofocus Speed

Autofocus သုံးပြီး low-light အခြေအနေမှာ ရိုက်တဲ့ အခါ DSLR ကင်မရာတွေက အများအားဖြင့် အတော် အဆင်ပြေကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခောတ်မှာ mirrorless camera တွေရဲ့ low-light မှာရိုက်နိုင်စွမ်းက အံ့မခန်း ပြောင်းလဲလာပါပြီ။ ဥပမာ Sony a7R ii နဲ့ a7S ii လို mirrorless camera တွေဟာ မမြင်ရဘူးလို့ ထင်ရတဲ့ အခြေအနေမှာတောင် ရိုက်နိုင်လာပါပြီ ။Mirrorless autofocus systems ဟာလည်း တိုးတက် ကောင်းမွန်လာပါတယ်။ သို့သော်လည်း autofocus မှာတော့ dslr ဟာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ဟာတွေ ရိုက်တဲ့ အခါ ကောင်းနေဆဲပါဘဲ။

Previewing Images

DSLR ကင်မရာရဲ့ optical viewfinder မှာ ကိုယ်ရိုက်မဲ့ အရာရဲ့ တကယ်မြင်ရတာကို အရှိအတိုင်း မြင်ရပါတယ်။ Mirrorless camera မှာတော့ image on-screen မှာpreview အနေနဲ့ မြင်ရပါတယ်။ Electronic viewfinder မှာလည်း ထိုနည်းတူပါဘဲ။ outdoor အလင်း ကောင်းကောင်းရတဲ့နေရာမှာ ရိုက်မယ်ဆိုရင် mirrorless camera ရဲ့screen မှာမြင်ရတဲ့ ပုံဟာ final ပုံနဲ့ အတော် နီးစပ်စွာ မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ low light ဒါမှမဟုတ် မြန်မြန် လှုပ်ရှားနေတဲ့ အရာကို ရိုက်မယ်ဆိုရင်တော့ preview ဟာ မှုန်တုံတုံ နဲ့ အစင်းထနေသလို မြင်ရတတ်ပါတယ်။ low light မှာ dslr နဲ့ ရိုက်ရင် contrast ပို ကောင်းတာကို တွေ့ရပါတယ်။ ပုံမှန် အလင်း ကောင်းကောင်းရတဲ့ အနေအထားဆိုရင် တော့ ကင်မရာ၂ မျိုးစလုံး က ကောင်းပါတယ်။ အကယ်၍ low light နဲ့ ပုံမှန်မဟုတ်တာတွေကို အရိုက်များမယ် ဆိုရင်တော့ DSLR နဲ့ ရိုက်တာ ပိုပြီး လွယ်ကူ အဆင်ပြေ စေမယ် ထင်ပါတယ်။

Video Quality

အဆင့်မြင့် mirrorless camera တွေဟာ ဓါတ်ပုံ( still) ထက် video shooting မှာ ပိုကောင်းကြပါတယ်။ DSLR ကင်မရာ တွေမှာ မှန်ပါနေတာကြောင့် video ရိုက်တဲ့အခါမှာ phase detection မလုပ်နိုင်ကြပါဘူး။ လုပ်နိုင်မယ်ဆိုရင်တောင် နှေးကွေးပြီး တိကျမှု နည်းပါတယ်။ ဘာဖြစ်လဲ ဆိုတော့ ကင်မရာက focus စရှာတဲ့ အချိန် video ရဲ့ အလယ်မှာ ဝါးတားတားတွေ ဖြစ်လာပါတယ်။ နောက်ပိုင်း model SLR တွေရဲ့ sensor တွေမှာတော့ phase detection ကိုထည့် လာကြပါပြီ။

Shooting Speed

DSLR မှာရော Mirrorless မှာရော အလွန်မြန်တဲ့ shutter speed တွေနဲ့ ပုံ အမြောက်အများကို လျှင်မြန်စွာ ရိုက်နိုင်ပါတယ်။ Mirrorless Camera ရဲ့ အားသာချက်ကတော့ ပုံတွေကို တစ်ပုံပြီး တစ်ပုံ ပိုမို လျှင်မြန်စွာ ရိုက်နိုင်ပါတယ်။ ရိုးရှင်းတဲ့ ကင်မရာ တည်ဆောက်ပုံကြောင့် တစ်စက္ကန့်အတွင်းမှာ အလွန်မြန်တဲ့ shutter speed နဲ့ ပုံ အရေအတွက် ပိုရိုက်နိုင်ပါတယ်။

Battery Life

အများအားဖြင့် DSLR ကင်မရာတွေဟာ battery life ပိုကြာပါတယ်။ ဘာလို့လဲဆိုတော့ mirrorless တွေလို ဘတ္ထရီ အရမ်းစားတဲ့ lcd screen နဲ့ electronic viewfinder တွေ မပါလို့ပါ။ ရိုက်ပြီးသား ပုံတွေကို ခနခန ပြန်ပြန်ကြည့်နေရင်တော့ ဘတ္ထရီ အကုန်မြန်မှာပါဘဲ။ DSLRs ရော Mirrorless camera မှာရော ဘတ္ထရီကို ဖြုတ်၊တပ် လို့ရတဲ့ အတွက် ဘတ္ထရီ အပို ဆောင်ထားနိုင်ပါတယ်။

Lenses & Accessories

DSLR အတွက် ကုမ္ပဏီ အတော်များများမှ lens များကို အသုံးပြုနိုင်ပါတယ်။ Mirrorless models တွေအတွက်ကတော့ ကင်မရာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ lens တွေကိုသာ သုံးနိုင်ပါတယ်။ Mirrorles camera တွေဟာ လူကြိုက်များပြီး ပေါ်ပြူလာ ဖြစ်လာတဲ့ အတွက် ဒီပြဿနာဟာ မကြာခင် ပြေပျောက်သွားနိုင်ပါတယ်။ပြီးတော့lens adapter တွေကြောင့်လည်း mirrorless camera တွေအတွက် lens ဟာ ပြဿနာ မရှိနိုင်တော့ပါဘူး။

အချုပ်အားဖြင့်တော့ Mirrorless camera တွေဟာ ပေါ့ပါးခြင်း၊ ကျစ်လစ်ခြင်း နဲ့ video ရိုက်ရာမှာ မြန်ဆန်ခြင်း တွေဟာ သူ့ရဲ့ အားသာချက်ပါ။ ဈေးပိုကြီးတာရယ်၊lens နဲ့ ဆက်စပ်ပစ္စည်း နည်းတာတွေ တော့ ရှိပါတယ်။ DSLR ကင်မရာတွေကတော့ lens ပေါတယ်။ အလင်းအားနည်းတဲ့နေရာမှာ သုံးလို့ အဆင်ပြေတယ်။ ဒါပေမဲ့ ကိုယ်ထည်ကြီးတယ်။ ကင်မရာ ၂မျိုးစလုံးကတော့ ကောင်းမွန်တဲ့ ရုပ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ အပေါ်မှာ ယှဉ်ပြောခဲ့ပြီး ဖြစ်တဲ့ အတွက် ကိုယ့် အကြိုက်ကိုသာ ရွေးချယ် သုံးစွဲကြပါ။

ကိုစိုး

Joojar Film Production

27 Dec 2017.


Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page