top of page

Camera စ သုံးသူတို့ အတွက် Shutter Speed.

  • Writer: Soe Naing
    Soe Naing
  • Dec 3, 2017
  • 2 min read

Shutter Speed (Controlling Motion)

ကင်မရာ မှာပါတဲ့ shutter speed အကြောင်းလေးပါ။ ဓါတ်ဆရာများအတွက် အခြေခံသိထားရမဲ့ အထဲက တစ်ခုလို့ ဆိုပါစို့။ ဓါတ်ပုံဆရာတစ်ယောက်( မန်း တစ်ယောက်) အတွက် မသိမဖြစ်သိထားရမဲ့ အခြေခံ တွေရှိပါတယ်။ ဒီလို အခြေခံတွေကို နားလည် သဘောပေါက်ထားပြီးမှ အဆင့်မြင့် တီထွင်မှု တွေကို ဖန်တီးနိုင်မှာပါ။ အခုပြောမှာက ဓါတ်ပုံဆရာ တွေ ဆိုပေမဲ့ video ဆရာများအတွက်လည်း အကြုံး ဝင်ပါတယ်။

ဒီ Shutter Speed အကြောင်းလေ့လာ ရာမှာ Exposure အကြောင်း ပါသိထားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ အလင်းနဲ့ ဆိုင်တဲ့ ဟာတွေမို့ပါ။ သူတို့က ဆက်စပ်နေကြပါတယ်။ နောက်တစ်ခု ရှိသေးတယ်။ ISO, သူလည်း ဆက်စပ်နေပါတယ်။ Exposure ဆိုတာက အလင်းဘယ်လောက်ဝင်နိုင်အောင် Shutter speed နဲ့ Aperture ကို အကျဉ်းအကျယ် လုပ်ပေးတဲ့ တာတွေနဲ့ ဆိုင်ပါတယ်။ ဒီ ဝင်လာတဲ့ အလင်းကဘဲ ဆန်ဆာမှာ ပုံရိပ်ကို ပေါ်စေတာပါ။ ဒါဆို shutter ကရော ? သူလည်း အတူတူပါဘဲ။ အလင်း ဝင်ရောက်တာကို ကန့်သတ်ပေးသူပါဘဲ။

( Exposure= Shutter Speed + Aperture + ISO)

ဓါတ်ပုံရိုက်လိုက်တဲ့ အခါ... ခလုတ်နှိတ်လိုက်လို့ ကြားရတဲ့ အသံဟာ shutter ဆိုတဲ့ အလင်းတံခါး ဖွင့်၊ပိတ် တဲ့ အသံပေါ့။ တံခါး တစ်ချပ်လိုပါဘဲ၊ တံခါး ရွက်ဟာ shutter ဆိုရင် မြန်မြန်ပိတ်ခြင်း/ နှေးနှေးပိတ်ခြင်းဟာ shutter speed ပေါ့။ ဒီ တံခါးက ဘယ်လောက်ကျယ်တယ် ဆိုတာက Aperture ပါဘဲ။

Shutter speed ဆိုတာ အချိန်နဲ့ ဆိုင်တာပေါ့ နော်။ အချိန်ကြာကြာဖွင့်ရင် အလင်း များများဝင်မယ်။ ဒီတော့ ဖွင့်တဲ့ အချိန်ဘယ်လောက် ကြာသလဲဆိုတာကို ဘယ်လို တိုင်းတာမလဲ။ shutter ကိုတိုင်းတာရာမှာ စက္ကန့် ကိုသုံးပါတယ်။ 1/30,1/60,1/80 ဆိုပြီး ဖေါ်ပြလေ့ရှိပြီး တစ်ချို့ ကင်မရာတွေမှာတော့ 30,60, 80 လို့ဘဲ ဖေါ်ပြတာလည်း ရှိပါတယ်။ အဲဒါက ဘာကို ပြောသလဲဆိုတော့ ဥပမာ- 1/30 ဆိုရင် တစ်စက္ကန့်ရဲ့ အပုံ ၃၀ မှာ တစ်ပုံဆိုတဲ အချိန်ပေါ့။ 1" ဆိုရင်တော့ တစ်စက္ကန့် အပြည့်ကို ဆိုလိုတာပါ။ shutter speed မြန်ရင် အလင်းနည်းပြီး နှေးရင် အလင်းများ ပါတယ်။

Fast = Less light = big number .

Slow = more light = small number.

Shutter Speed ကို ဘယ်လိုထိန်းမလဲ။ shutter speed ကို ချိန်တာဟာ exposure ကို ချိန်တာပါဘဲ။

Exposure ကိုချိန်တာမှာ (Aperture and ISO) တို့နဲ့လည်းသက်ဆိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကင်မရာကို သုံးရင်း သူတို့ သုံးခု ဆက်စပ်တယာတွေ အတွေအကြုံ ရလာမှာပါ။ ဒီ shutter speed အကြောင်း လေ့လာမနေဘဲ auto ထားလိုက်ရင် မရဘူးလားလို့ လည်းတွေးမိကောင်း တွေးမိပါလိမ့်မယ်။ အများအားဖြင့်လည်း ကင်မရာ သမားတွေ auto ထားပြီး ရိုက်နေကြတာ မဟုတ်ဘူးလား။ ပုံတွေလည်း ကောင်းနေတာပါဘဲ။ ။ ဒီအချက်ဟာ ဓါတ်ဆရာ တစ်ယောက်ရဲ့ အရည်အချင်း ကွာခြားချက်ကို ပြတာပါဘဲ။ အဲဒီတော့ ကင်မရာ ဝယ်နိုင်ရင် ဓါတ်ဆရာဖြစ်ပြီး ဈေးကွက်ပျက် ( ဖျက်) ရော။ တကယ်တော့ တီထွင်မှုနဲ့ ရိုက်တဲ့ ပုံတွေက သူများထက် အားသာချက်ကိုပြနေမှာပါ။

တမူထူးခြားတဲ့ ပုံလေးတွေကို ဖန်တီးရာ မှာ shutter speed က အများကြီး အထောက်အကူပြုပါတယ်။ ဒါကြောင့် auto ထားတာထက် shutter speed ကို နားလည်ဖို့ လိုပါတယ်။ shutter speed ကို ချိန်ပြီး လှုပ်ရှားမှုတွေကို လိုသလို ပြောင်းလို့ရပါတယ်။ shutter နဲ့aperture တို့ ဟာ အလင်ဝင်နိုင်တဲ့ အပေါက်၊ အလင်းဝင်ရောက်မှုကို ကန့်သတ်ထိန်းချုပ်တဲ့ ဟာတွေ ဆိုတာထက် ပိုတဲ့ အသိတစ်ခုပြောချင်ပါတယ်။ ဒါက shutter ရဲ့ ထူးခြားချက်လို့ ပြောပါရစေ။ shutter speed ဟာ အလင်းဝင်ရောက်မှုကို အချိန်နဲ့ ကန့်သတ်တာဖြစ်ပြီး အလင်း အနည်း အများရရှိတယ်လို့ အများစုကပြောနေကြတာထက်၊ shutter ပွင့်နေချိန်အတော အတွင်းမှာ ဆန်ဆာက ရုပ်ပုံကို ဖမ်းယူနေတုန်း( နေတုန်း) ဆိုတဲ့ အချက်ပါ။ အောက်မှာ နမှုနာ ပုံတွေကို လေ့လာကြည့်ပါ။ ( လိုင်းပေါ်က မထားတဲ့ ပုံတွေပါ။)

မှတ်ချက်။ ။ အထူးသတိထားဖို့ကတော့ shutter speed အနှေးနဲ့ ရိုက်တဲ့ အခါ ကင်မရာကို မလှုပ်မိစေဖို့ပါဘဲ။ သိပ် ကျွမ်းကျင်သွားသူတွေကျတော့လည်း ငြိမ်နေတဲ့ ဟာကို ကျွမ်းကျင်မှုနဲ့ လှုပ်ပြီး ရိုက်တာတွေ ရှိပါတယ်။

Shutter speed နဲ့ပက်သက်လို့ အဓိက အကြောင်း ၂ ရပ်ရှိပါတယ်။ လှုပ်ရှားမှုကို ပြခြင်းဖြစ်ပြီး ။ စပိ အမြန်နဲ့ ရပ်နေတာ ဒါမှမဟုတ် အနှေးနဲ့စီးဆင်းရွေ့လျားနေမှုကိုပြတာတွေပါ။ ဒီလို shutter speed ကို သုံးပြီး ရိုက်မယ်ဆိုရင် ပထမဆုံး ကို လိုအပ်တဲ့ speed ကို ပြောင်းပါ။ ပြီးမှ လိုအပ်တဲ့ အလင်းရဖို့ aperture နဲ့ ချိန်ယူပါ။ မလုံ လောက်မှ ISO နဲ့ ကူရပါတယ်။ အဲဒီတော့ အလင်း အမှောင်ကို ချိန်ရာမှာ Exposure ဖြစ်ပြီး (Shutter-Speed – “Controlling Motion”) , (Aperture – “Controlling Depth of Field”) နဲ့ ISO တို့ ကိုဆက်စပ် သုံးနိုကြပါစေကုန် သတည်း....( သာဓု...သာဓု....သာဓု....) ။

Ko Soe

Joojar Film Production.

3/12/2017.


Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page