top of page

When you edit a movie,

  • Writer: Soe Naing
    Soe Naing
  • Nov 21, 2017
  • 2 min read

Editing လုပ်တဲ့အခါ။

Editing လုပ်တယ်ဆိုတာ စာပေ၊သတင်းစာ၊ဂျာနယ် နဲ့ video/ ရုပ်ရှင် စတာတွေ အားလုံးမှာ သူ့ ကဏ္ဍနဲ့ သူရှိပါတယ်။ ဒါပေမဲ့ အခုပြောမှာက video/ရုပ်ရှင် နဲ့ ဆိုင်တဲ့ Editing ပါ။ အသေးစိတ်မဟုတ်ပါဘူး။ အက်ဒီတာတွေ သတိပြုသင့်တဲ့ အချက်အနည်းငယ် ကိုပြောချင်ပါတယ်။ ရိုက်ထားတဲ့ video တွေကို အဆင်ပြေသလို ဖြတ်တောက် ဆက်စပ်ရုံလောက်လုပ်ပေးရတာကိုဘဲ အက်ဒစ်လုပ်တယ်ထင်နေသူတွေ အများအပြားရှိပါတယ်။ မှတ်တမ်း သမားတွေ အတွက်တော့ အလုပ်ဖြစ်နေတဲ့ အတွက် အထူးမပြောလိုပါဘူး။ ကျွန်တော်က ရုပ်ရှင်လိုင်းဆိုတော့ ဇာတ်လမ်းတစ်ခုကို အက်ဒစ်လုပ်တာနဲ့ ပိုသက်ဆိုင်မှာပါ။ ကျွန်တော့ အမြင်ပြောရရင် အက်ဒစ်သမားဆိုတာ ဖြတ်ညှပ် ဆက် ဆိုတာထက် ပိုတဲ့ အဓိပ္ပါယ်နဲ့ ရပ်တည်နေကြသူတွေပါ။ ပြီးတော့ မကြာခင်မှာဘဲ အက်ဒစ်တစ်ခုတည်းကို စောင့်ပြီး လုပ်ရတဲ့ ကဏ္ဍထက်ကျော်လွန်လာကြတော့မှာပါ။ ဆိုလိုတာက ရိုက်ပြီးသားတွေကို ယူပြီး၊ ဇာတ်ညွှန်းဖတ်ကာ အဆင်ပြေအောင် ရှာဖွေပြီး ဆက်ကြ၊ စီစဉ်ကြဆိုတဲ့ သဘောထက် ပိုတဲ့ ၊ပိုပြီးအရေးပါတဲ့ ကဏ္ဍမျိုးပါ။ ဘာလို့လဲဆိုတော့ ဇာတ်ညွှန်းအရ ဒါရိုက်တာက ရိုက်မယ်၊ ပြီးရင် အက်ဒစ်ကိုပေးလိုက်မယ်၊ အက်ဒစ်သမားက ဇာတ်ညွှန်းအရ ဆီလျှော်အောင် ဆက်မယ်။ ဒီလို သမရိုးကျ လုပ်ကိုင်နေတဲ့ အတိုင်းအတာမှာ အက်ဒစ်သမားက အက်ဒစ်လုပ်နေချိန်မှာ သူ့ရဲ့ အနုပညာဆိုတာရှိပါတယ်။ ဒီနေရာမှာ ဂရုစိုက် စဉ်းစားဖို့က " တူညီတဲ့ ဇာတ်လမ်းတစ်ခုကို မတူညီတဲ့ လူ နှစ်ယောက် ခံစားတင်ပြခြင်း " နဲ့ ဆိုင်နေတာပါ။ မတူညီတဲ့ လူနှစ်ယောက်ဟာ ခံစားတင်ပြပုံခြင်း လုံးဝ မတူညီနိုင်ပါဘူး။ ဒီနေရာမှာ ပြဿနာဟာ အရောင်မှိန်နေပြီး အဆင်ပြေသလို လုပ်ကိုင်နေကြရတာပါ။ ပြဿနာကို မြင်မိရဲ့ လားမသိဘူး။ ဒီထက်ရှင်းအောင်ပြောရရင် ဇာတ်ညွှန်းဆရာရဲ့ ခံစား စီစဉ်ထားတဲ့ အရာတွေကို လုံးဝ ကွက်တိ အဆင်ချောအောင် ဆက်ပေးရုံဘဲလား။ အက်ဒစ်သမားရဲ့ အနုပညာနဲ့ မမွှမ်းရတော့ ဘူးလား ဆိုတာပါဘဲ။ ဇာတ်ညွှန်းသမားဟာလည်း သူ့အတွေး သူ့အသိနဲ့ ဇာတ်ကို ကောင်းအောင် ရေထား ပေမယ်လို အတွေ့အကြုံပြည့်ဝတဲ့ အက်ဒစ် သမားဟာလည်း ဇာတ်ကို ဘယ်လိုတင်ပြရင် ပိုကောင်းမယ်ဆိုတဲ့ အတတ်ပညာရှိလေ့ ရှိပါတယ်။ ဥပမာ ဇာတ်တစ်ခုကို ဇာတ်ညွှန်းအတိုင်း အကြမ်းရိုက်ပြီး အက်ဒစ်သမားကိုလည်း လွတ်လပ်စွာ ဆက်စေမယ်ဆိုရင် ဇာတ်လမ်းဟာ မူလထက် ကောင်းလာတာတွေ ရှိပါတယ်။ အဲဒီ ဇာတ်လမ်း အကြမ်းကို အားလုံး ကြည့်ပြီး ဇာတ်ညွှန်းသမားက ပြန်ရေးရင် တကယ် အချော ရိုက်တဲ့ အခါ ထူးခြားစွာ ပိုကောင်းလာမှာပါ။ အဲဒီလိုတွေ ဖြစ်လာရင် အက်ဒစ်သမားရဲ့ ကဏ္ဍဟာ လက်ရှိ အနေအထားထက်ပိုလာမှာပါ။ ဇာတ်ညွှန်းကောင်းရင် အဲဒီကားကောင်းပြီလို့ အလွယ်ပြောကြပေမဲ့ တကယ်တော့ ဇာတ်ညွှန်းကောင်းရုံနဲ့ ရုပ်ရှင်ဟာ ကောင်းမလာတာတွေ အများကြီးပါ။ ဟိုတလောက လူမှု ကွန်ယက်မှာ လှုပ်သွားတဲ့ ရုပ်ရှင်နဲ့ပက်သက်ပြီးတော့ အဲဒီကားရဲ့ ဇာတ်ညွှန်းရေးတဲ့ ညီမငယ်နဲ့ ပြောဖြစ်တယ်။ အဲဒီကားကို ကြည့်လိုက်ရတဲ့အခါ၊ သူ့ဇာတ်ညွှန်းအရသာတွေ လွဲနေတာတွေ့လိုက်ရတယ် တဲ့။ ထားတော့။ အဲဒီလိုဘဲ ဇာတ်ညွှန်းသမားက ခံစားပြီးရေးလိုက်တာကို ဒါရိုက်တာက ဇာတ်ညွှန်းကို အလေးမထားဘဲ၊ သူ့ကိုယ်ပိုင်ခံစားချက်ကို ရှေ့တန်းတင်လိုက်တဲ့ အခါ ဇာတ်လမ်းက တမျိုးဖြစ်သွားရော။ အဲဒါကို အက်ဒစ်သမားက ထပ်ခံစားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကို လျစ်လျှူရှုလိုက်တော့ ရဗြဲတွေ ဖြစ်ကရော ဆိုသလိုမျိုးတွေ ဖြစ်ကုန်ရောပေါ့။ ( sorry နော်။) မြန်မာ ပေါကားတွေ ရပ် ဘာညာသံတွေရဲ့ တရားခံက အဲဒါဘဲ။ ဖန်တီးမှု လုပ်ငန်းစဉ် ခါးပြတ်တဲ့ ပြဿနာတွေပါဘဲ။ ဘယ်လုပ်ငန်းမဆို စီမံမှု မခိုင်မာရင် မအောင်မြင်တဲ့ သဘောပါဘဲ။ ကဲကြည့်။ ဒီစာကိုရေးမလို့ စတာက Edit အကြောင်း၊ ဖုန်းဖွင့် ခေါင်းစဉ်တပ်တာကိုက Editing။ ခုတော့ ဘယ်ရောက်ကုန်ပြီလဲ မသိတော့ဘူး။ ဒုက္ခ ခံပြီး ဆက်ဖတ်ပါဦး။ ဟားးး။ Edit လုပ်တဲ့ အခါမှာ သတိထားသင့်တဲ့ အချက်လေးတွေ ပြောချင်ပါတယ်။ အဲဒါတွေကတော့_ ၁။ Emotion ၂။Story ၃။Rhythm ၄။Eye Trace ၅။The Axis ၆။3D Space _ ဆိုတာတွေဖြစ်ပါတယ်။

၁။ စိတ်ခံစားမှု ဆိုတာနဲ့ ပက်သက်လို့ အရင် ဇာတ်ညွှန်းနဲ့ ဆိုင်တဲ့ ပို့စ်မှာ ဦးတည်ရာလို့ ပြောခဲ့ပါတယ်။ အက်ဒစ်လုပ်တဲ့ အခါ ဇာတ်ညွှန်းအရ ဒါရိုက်တာက ရိုက်ပေးလိုက်တဲ့ video တွေကိုကြည့်ပြီး ဇာတ်ညွှန်းရဲ့ ဦးတည်ရာကို ပေါ်လွင်စေတဲ့ စိတ်ခံစားမှုကိုဖေါ်ဆောင်မဲ့ အဖြတ်အတောက်တွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့ သူရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားသွားရအောင် ဆိုတဲ့ အချက်တွေကိုရွေးချယ်ရပါမယ်။

၂။ဇာတ်လမ်း၊- ဒါကတော့ ကိုယ်ဖြတ်ဆက် တင်ပြပုံတွေဟာ ဇာတ်လမ်းကို ဆွဲဆောင်မှုတွေရှိလာစေရမှာဖြစ်ပါတယ်။ ပရိတ်သတ် စီးမျောမဲ့ ပြချက်တွေဖြစ်ဖို့လိုပါတယ်။

၃။ ကဒ်အကူးအပြောင်းတွေဟာ ရှေ့နောက် ဆက်စပ် လိုက်ဖက်မှု ရှိရဲ့လား ဆိုတာ သတိပြုရပါမယ်။ ဒါပေမဲ့ တချို့ ကဒ် အပြောင်းအလဲတွေဟာ တမင်ကို rhythm မကိုက်အောင်လုပ်ထားတာတွေလည်းရှိပါတယ်။ ဥပမာ၊ ဂျိမ်းစဘွန်းက မင်းသမီးကိုနမ်းလိုက်ပြီး ကြမ်းပြင်ပေါ် စကပ်လေး ပုံကျပြီးတာနဲ့ ဂျုန်း ဂျုန်း ဆို မီရထားကြီးဝင်လာတဲ့ ကဒ်ကို ပြောင်းသွားတာမျိုးပေါ့။

၎။Eye Trace သဘောကတော့ အက်ဒစ်အပြင် color grading လည်းပါလာပါတယ်။ ပရိတ်သတ်ကြည့်နေရတဲ့ မြင်ကွင်းထဲမှာမ ဇာတ်လမ်းကို အထောက်ကူ ပြုစေတဲ့၊ အဓိကကျတဲ့ ဟာလေးတွေကို ရွေးပြီးပြတဲ့၊ ကြည့်မိအောင် လုပ်တဲ့ သဘောပါ။ ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ ညွှန်ကြားချက်ကြောင့် ကင်မရာ သမားက focus ယူထားတာမျိုးရှိပေမဲ့ ဇာတ်ကြောင်းပြောတဲ့ အခါ အသေးစိတ် ဟိုက်လိုက် လုပ်ရတာတွေ ရှိပါတယ်။ ဒီနေရာမှာ သတိထားဖို့က trace point တွေကို အတတ်နိုင်ဆုံး မခုန်အောင်ကျိုးစားရမှာပါ။

၅။The Axis_ သဘောကတော့ သမရိုးကျ သုံးလာတဲ့ ၁၈၀ ဒီဂရီ လမ်းကြောင်းပါ။ ၁၈၀ မကျော်ရဆိုပေမဲ့ အကြောင်း ခိုင်လုံရင် ကျော်လို့ရပါတယ်။ မြန်မာ့ ရုပ်ရှင် အစည်းအရုံးက ဆရာကြီးတွေကတော့ လှေနံ ဓါးထစ် ပါဘဲ။ လုံဝ မကျော်ရပါ။ ဒါပေမဲ့ ဒီနေ့ ခောတ်မှာ စတယ်ဒီရှော့ တွေနဲ့ ၁၈၀ ကျော်ရုံမက ၃၆၀ တောင် ကျော်တာတွေ ရှိနေပါပြီ။ အက်ဒစ်သမားအနေနဲ့ ပရိတ်သတ်ကို မျက်စေ့ မလည် အောင် ဒီ ၁၈၀ မျဉ်းကို သတိထားပြီး ဆက်ရမှာဖြစ်ပါတယ်။

၆။3D Space ဆိုတာကတော့ ကဒ်တွေကို ရွေးချယ်တဲနေရာမှာ ကြည့်နေတဲ့ ပရိတ်သတ်ရဲ့ စိတ်ထဲမှာ 3D space ကို ခံစားရမဲ့ ကဒ်တွေကို ရွေးပြီး တင်ပြရမှာဖြစ်ပါတယ်။ မြန်မာမှာတော့ ကင်မရာကို အသေထောင်းထားပြီး ပါသမျှ သရုပ်ဆောင်အားလုံး ဓါတ်ပုံရိုက်သလို တန်းစီပြီး ရိုက်တာများတော့ ဘယ်လိုပြောရမယ် ပေါ့နော်။ အဲဒီတော့ လက်ညောင်းတာထက် ဖုန်းနဲ့ ရေးနေရတော့ မျက်စေ့လည်း ညောင်းပါပြီ။ ဒီမှာဘဲ အဆုံးသတ်ပါရစေ။ အတွေးအခေါ် ကောင်းများရှိရင်လည်း ဖလှယ်စေချင်ပါတယ်။ မှားနေရင်လည်း ထောက်ပြစေချင်ပါတယ်။

ကိုစိုး Joojar Film Production. 9 Nov'2017


 
 
 

Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page