top of page

ဘီလူးဆိုတဲ့ မှန်တွေအကြောင်း။

  • Writer: Soe Naing
    Soe Naing
  • Nov 22, 2017
  • 4 min read

ဓါတ်ဆရာတွေ စိတ်ကြိုက် lens တွေသုံးကြတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ခြင်း မတူနိုင်ပါဘူး။ ငွေရေးကြေးရေးအရဘဲဖြစ်ဖြစ်၊ ခံယူချက် ယူဆချက်က်အရဘဲဖြစ်ဖြစ် ကွဲလွဲမှု့တွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် သူများဘာကိုင်လို့ ဘာလိုက်ကိုင်တဲ့ သူနဲ့၊ ဆရာကြီးလို့ မှတ်ယူထားသူ ကိုင်တာတွေဘဲ အမှန်လို့ထင်ပြီး လိုက်ကိုင်တဲ့ သူ တွေရယ်လို့လဲ တွေ့ရမှာဖြစ်ပါတယ်။ ဘာအကြောင်းနဲ့ဘဲ ဖြစ်ဖြစ် ဓါတ်ဆရာနဲ့ lens ဟာ ပက်သက်နေရတာပါဘဲ။ အဲဒီတော့ ပွဲတစ်ပွဲ ရိုက်ဖို့ဘဲဖြစ်ဖြစ်၊ ရုပ်ရှင်/video တစ်ကားရိုက်ဖို့ဘဲ ဖြစ်ဖြစ် မရိုက်ခင် lens တွေ ရွေးချယ် စုဆောင်းဖို့က မလုပ်မဖြစ် လုပ်ရပါမယ်။ ရုပ်ရှင် ရိုက်မယ်ဆိုရင် lens ကို ဒါရိုက်တာက ရွေးချယ်လေ့ရှိပါတယ်။ ကျွန်တော်တို့ ပေါလိဝုဒ်က ဒါရိုက်တာကြီးတွေတော့ မသိပါဘူး။ ကဲ ဘယ်လို lens ကို ရွေးမလဲ? ၁။ Primes lens full set တစ်စုံလား? ၂။Zoom lens တစ်ချို့လား? ဒါမှမဟုတ် အားလုံးဘဲလား? ဘယ်ဟာကိုရွေးရမယ်ဆိုတာ သေခြာတဲ့ အဖြေရမှာ မဟုတ်ပါဘူး။ ဓါတ်ဆရာတွေရဲ့ အယူအဆ မတူသလို အဖြေတွေလည်း အမျိုးမျိုးထွက်လာမှာပါဘဲ။ ဒါရိုက်တာရဲ့ အမြင်ယူဆမှုမတူသလို၊ lens focal length တွေလည်း ကွဲပြားကြမှာပါဘဲ။ တကယ်တော့ လူတိုင်းမှာ အကြိုက်တစ်မျိုးစီ ရှိနေကြပါတယ်။ focal length ရွေးတာရော ပြီးတော့ အရည်အသွေး ရွေးတာရောပါ။ တကယ်တော့ ဘာဖြစ်လို့ ဒီလိုတွေကွဲရမှာလဲ။ ကိုယ်ရိုက်မဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် ထုတ်လုပ်ရေးရဲ့ လိုအပ်ချက်နဲ့ ညီအောင် စီမံ ဖို့ဘဲ မဟုတ်ဘူးလား။ ကိုယ့်စိတ်ကြိုက် ဖြစ်ခြင်း မဖြစ်ခြင်းထက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ lens ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ အဲဒီတော့ lens တွေနဲ့ ပက်သက်ပြီး အချက်အလက် တချို့ကို လက်ဆင့်ကမ်းလိုက်ပါတယ်။

၁။ ပုံမှန် normal lens ကို ရွေးချယ်ပါ။ ဘယ် lens က normal lens လဲ? တတ်သိသူတချို့ကို လိုက်မေးလိုက်ပါ။ အများအားဖြင့် 35mm ကိုသုံးကြပေမဲ့ ၊ 24mmကနေ 50mm အတွင်းလို့ ဖြေမဲ့သူ များပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ အထဲကမှ တစ်ခုဘဲ ရွေးရမယ်ဆိုရင် ဘယ် lens ကိုရွေးမလဲ? လူရဲ့ အမြင်အတိုင်း perspective ကိုက်ညီတဲ့ lens ဟာ normal lens ပါဘဲ။ သဘာဝကျကျ မြင်ရတာပေါ့။ focal length တိုတာတို့ ရှည်တာတို့ကျတော့ မြင်ကွယ် အကျဉ်း အကျယ်ကို ဖြစ်စေပါတယ်။ ကဲ ဒီတော့ ဘယ် lens ကို normal lens အဖြစ်ရွေးမလဲ? မတိကျတဲ့ အဖြေဘဲ ပေးရမှာပါဘဲ။ ဘာလို့လဲ ဆိုတော့ သဘာဝကျတဲ့ အမြင်ကို ဖြစ်စေတာက lens ရဲ့ focal length တစ်ခုထဲနဲ့ ဆုံးဖြတ်လို့ ရတာမဟုတ်ဘဲ၊ ကင်မရာရဲ့ sensor အရွယ်အစားနဲ့လည်း ဆိုင်နေလို့ပါ။ ပြီးတော့ လူတစ်ကို အမြင်တစ်မျိုး ဆိုတာကလည်း ရှိနေသေးလို့ပါ။ တကယ်လို့ full-frame 35mm-sized sensor ရှိတဲ့ ကင်မရာမှာဆိုရင် 50mm lens ကို normal lens အဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ နဲနဲ ပိုပြီး wide တဲ့ 35mm ကို normal အဖြစ်သုံးသူတွေလည်းရှိကြပါတယ်။ တချို့ကျပြန်တော့ 40mm ကို full frame မှာ ပုံမှန်အဖြစ် သုံးပါတယ်။ တကယ်လို့ Super 35 and Super 16 တို့မှာ ဆိုရင်တော့ normal ရဖို့ wider lens ကိုသုံးမှ full-frame normal lens နဲ့ညီတာကို ရနိုင်မှာပါ။ ( ယေဘူယျအားဖြင့် 50mm ဟာ normal lens ပါ။)

၂။wide-angle and telephoto lenses Normal lens ရပြီ ဆိုရင် ဒုတိယအနေနဲ့ လိုအပ်လာတာကတော့ wide angle နဲ့ telephoto lens ပါ။ နေရာတကာ normal lens နဲ့ချည်း ဆိုရင်လည်း မဖြစ်ပါ။ အဲဒါကြောင့် wide တစ်လုံး long တစ်လုံး ထပ်ဖြည့်လိုက်ရင် အတော့ အဆင်ပြေသွားပါပြီ။ အလှမ်းကွာနေတဲ့ ဟာတွေကို တပါတည်းပြချင်တဲ့ အခါ wide က အသုံးတဲ့ပါတယ်။ ပြီးတော့ FG က actor ကို နောက်မှာရှိနေတာတွေနဲ့ တြွဲပချင်တဲ့ အခါလည်း အသုံးတည့်ပါတယ်။ အခန်းကျဉ်းထဲမှာ အသုံးဝင်သလို Close-up ရိုက်ပြီး စိတ်ဝင်စားစရာ effects တွေလည်း လုပ်လို့ရပါတယ်။ ကျဉ်းမြောင်းတဲ့ နေရာတွေကို သရုပ်ဆောင်က လမ်းလျှောက်သွားတာကို wide ကို stablizer နဲ့ လိုက်ရိုက်တဲ့ ရိုက်ချက်တွေဟာ အလွန်ကြည့်လို့ကောင်းပါတယ်။ wide-angle lenses နဲ့ telephoto lenses တွေဟာ နောက်ခံ BG တွေနဲ့ FG က actor ကို ပိုနီးကပ်စေပါတယ်။ Telephoto lenses တွေဟာ shallower ခေါ်တဲ့ depth of field ကို ပုံမှန် lens နဲ့ wide-angle lens ထက်ပိုဖြစ်စေပါတယ်။ဒါကလည်း framing နဲ့ aperture တူတဲ့ အခြေအနေကို ပြောတာပါ။ Telephoto lens ကို ရုပ်ရှင်တွေမှာ close-ups တွေမှာအသုံးများပါတယ်။ ဒါပေမဲ့ မျက်နှာပေါ်က နှာတံ နဲ့ နှုတ်ခမ်းကို နဲနဲ ပြားကပ်စေပါတယ်။ ရုပ်ကြွနည်းတယ်လို့ဆိုမလားပေါ့။ အများအားဖြင့် close-ups အတွက် 85mm ကိုသုံးကြပါတယ်။ ဒီနေရာမှာ သတိထားဖို့က ကိုယ့် normal lens ပေါ်မူတည်ပြီး close-up lens ကကွဲပြားနိုင်တာပါဘဲ။ ကဲ ဘော်ဒါတို့ရဲ့ lens သုံးခုက ဘာတွေဖြစ်မလဲ။ full frame 35 mm အတွက်ဆိုရင် 24mm, 50mm နဲ့ 85mm ဖြစ်သင့်ပြီး၊ Super 35 format ဆိုရင်တော့ 18mm, 32mm နဲ့ 75mm ဟာ အဆင်အပြေဆုံးဖြစ်မှာပါ။ ဒီ wide, normal နဲ့ tele တွေနဲ့ ပက်သက်တဲ့ အမြင်လေးတွေကို video လေးတွေ ရိုက်ပြီး ယှဉ်ပြသွားပါဦးမယ်။

၃။ လိုပ်အပ်ချက်ဖြည့်ပြီး ပိုကောင်းအောင်လုပ်ပါ။ ဒီ Wide-angle, normal နဲ့ telephoto lenses တွေကို ရွေးချယ်လိုက်ပြီးပြီဆိုပါစို့၊ ကြားထဲမှာ လစ်လပ်နေတာတွေကို စိတ်ကြိုက် ထပ်ဖြည့်လို့ ရပါပြီ။ ပိုက်ဆံတက်နိုင်ရင် အစုံ set တစ်ခုဖြစ်အောင် ထပ်တိုးလို့ရပါပြီ။ ဥပမာ၊ Super 35 format lens တွေဖြစ်တဲ့ 18mm, 32mm နဲ့75mm တွေကို ယူလိုက်တယ် ဆိုပါစို့။ 32 mm ဟာ ပင်တိုင် lens ဖြစ်ပြီး တစ်ခါတလေ 18mm ထိ wide တာမျိုးမဟုတ်ဘဲ နဲနဲဘဲ wide ဖြစ်ဖြစ် 75mm ထိ မဟုတ်ဘဲ နဲနဲဘဲ ဆွဲချင်တာမျိုးရှိခဲ့ရင် 25mm နဲ့ 50mm ကို ထပ်ထည့်နိုင်ပါတယ်။ ဒါဆိုရင် 18mm, 25mm, 32mm, 50mm နဲ့ 75mm ၅ လုံး တစ်စုံဖြစ်သွားပါမယ်။ ထပ်ပြီးတော့မှ တတ်နိုင်သေးတယ် ဆိုရင် 21mm, 40mm နဲ့ 65mm တွေ ထပ်ဖြည့်နိုင်ပါသေးတယ်။ Ultra wide 12mm နဲ့ 14mm ဘဲ ဖြစ်ဖြစ် 100mm နဲ့ 135mm ဖြစ်ဖြစ် ထပ်ထည့်နိုင်ပါသေးတယ်။ ( ဒီထိ ဖတ်ပြီး 18-200mm lens သုံးလိုက်ရတာဘဲ ဆိုတဲ့ ဆရာကြီးတွေ ရှိကောင်း ရှိပါလိမ့်မယ်။ Prime lens တွေရဲ့ အားသာချက်တွေ နားမလည်လို့ပဲဖြစ်ပါမယ်။)

4. ပိုမြန်တဲ့ lens ကိုရွေးခြင်း။ ဘယ် focal length ကိုကိုယ်သုံးမယ်ဆိုတာသိပြီဆိုရင် lens ရဲ့ အမြန်နှုန်းကို ရွေးချယ်ရပါမယ်။ lens မြန်တယ်ဆိုတာက Aperture အကျယ်ဆုံး ကိုဆိုလိုတာပါ။ အကျယ် ဆိုတော့ f-stop နံပါတ်ငယ်တာတွေပေါ့။ 1.4,1.8,2.0 တို့လိုပေါ့။ ဘယ်ဟာကို ရွေးရမယ်ဆိုတာကတော့ ကိုယ့်သဘောပေါ့။ ကျွန်တော့ အနေနဲ့ကတော့ ငွေတတ်နိုင်သလောက် အမြန်ဆုံးကိုရွေးစေချင်ပါတယ်။ မြန်တဲ့ lens တွေမှာ အထူးသဖြင့် အားသာချက် ၂ ခုရှိပါတယ်။ ပထမ အချက်အနေနဲ့ aperture အကျယ်ကြီး ဖွင့်လို့ရတဲ့ အတွက် အလင်း အများကြီး ဝင်နိုင်ပါတယ်။ ဒီလိုအလင်းအများကြီး sensor ကိုရဖို့ဟာ အရေးကြီးပါတယ်။ အလင်းရောင် ရရှိမှုနည်းတဲ့နေရာတွေမှာ ISO/Gain ကိုတင်စရာမလိုဘဲ ရိုက်နိုင်တဲ့ အတွက် Noise ကို ဂရုစိုက်စရာမလိုပါဘူး။ ဒုတိယ အချက်အနေနဲ့ Depth Of Field(DOF) ကို လိုသလောက်တင်နိုင်ပါတယ်။ Aperture ကျယ်လေ DOF ရလေဖြစ်ပြီး နောက်က မလိုချင်တာတွေကို ဖယ်နိုင်လေပါဘဲ။ တတ်နိုင်ရင်တော့ အဲဒီလို အပါချာ ကြီးတဲ့ဟာတွေ ဝယ်တာကောင်းပါတယ်။ Scene တစ်ခုနဲ့ တစ်ခုကို lighting သိပ်ပြောင်းစရာမလိုဘဲ ရိုက်နိုင်ပါတယ်။

၅။တကယ်လိုအပ်မှ Zoom lens ကိုရွေးပါ။ Zoom lens ဘာလို့မသုံးတာလဲ လို့မေးချင်နေတယ်မို့လား။ ရုပ်ရှင်ကို primes တွေနဲ့ ရိုက်တာ ပိုကောင်းပါတယ်။ Zoom အနေနဲ့ focal length အမျိုးမျိုးပြောင်းရိုက်လို့ ရတဲ့ အတွက် primes တစ်ခုနဲ့ တစ်ခုကြား ကွာဟမှုကို ပူစရာမလိုတော့ပါဘူး။ ရိုက်ကွင်းပေါ်မှာလည်း lens ပြောင်းတပ်စရာမလိုပါဘူး။ သိသာတဲ့ အားနည်းချက်ကတော့ focal length တူတဲ့ prime ရုပ်ထွက်ကို မယှဉ်နိုင်ပါဘူး။ Aperture မှာ Prime ကို မမှီပါဘူး။ Zoom ကစားတာနဲ့ အမျှ အပါချာလိုက်ပြောင်းတတ်ပါတယ်။ သိပ်ကောင်းပါတယ် ဆိုတဲ့ Zoom lens တွေမှာ အပါချာဟာ မပြောင်းလဲဘဲ zoom ဆွဲလို့ရပေမဲ့ ဆွဲတာနဲ့ အမျှ အပါချာမပြောင်းလဲနိုင်တဲ့အတွက် ရုပ်ထွက်က ညံ့သွားပါတယ်။ ပြီးတော့ lens အရွယ်အစားကြီးတယ်။ လေးတယ်။ ( မြန်မာ ဒါရိုက်တာတွေက အဲဒါမျိုးပိုကြိုက်ကြတယ်။ အကြီး ကြီးဆိုတော့ လူအထင်ကြီးတာပေါ့။ ဟီးးး၊စတာဘာ စတာဘာ။) အဲဒီတော့ zoom lens သုံးဖို့ လိုလာရင်တော့ full frame camera အတွက် wide angle zoom(24-70mm) ရယ်၊ telephoto zoom ( 70-200mm) တွေကို ရွေးသင့်ပါတယ်။ မှတ်တမ်းသမားတွေ၊ ဟိုပြေးဒီပြေး အလောသုံးဆယ် ရိုက်ရသူတွေ အတွက်တော့ သုံးသင့်ပါတယ်။

၆။ Cinema lenses အစစ်အမှန်ကို ရွေးခြင်း။ Still အတွက် ထုတ်လုပ်ထားတဲ့ lens တွေသုံးပြီး movie/video ရိုက်ရင်လည်း ရုပ်ထွက်တွေ ကောင်းတာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ lens ရဲ့ အစိတ်အပိုင်းနဲ့ အလုပ်လုပ်ပုံအချို့ဟာ တကယ့် cinema lens တွေအတိုင်းဖြစ်နေလို့ပါဘဲ။ Cinema lens တွေမှာတော့ still lens တွေထက်သာလွန်တဲ့ အချက်တွေ ပါရှိပါတယ်။ အဲဒါကတော့ still-photo brethren ဆိုတာကို ဖျောက်ပေးပါတယ်။ Cinema lens တွေကို သတ္ထု နဲ့လုပ်ထားတဲ့ အတွက် still lens တွေထက် ပိုကြီသလို ပိုပြီးလည်း လေးပါတယ်။ focus ကစားတဲ့အခါမှာလည်း ပြင်ပ အနေအထားပြောင်းလဲတာမဟုတ်ဘဲ၊ ဘော်ဒီ အတွင်းမှာဘဲ မှန်ဘီလူးအနေထားကို ရွှေ့ပေးပါတယ်။ အဲဒါကြောင့် matte box နဲ့ သုံးတဲ့အခါ အဆင်ပြေပါတယ်။ Focus နဲ့ iris rings တွေအတွက် ဂီယာတွေပါ တဲ့အတွက် follow focus စံနစ်သုံးမယ်ဆိုရင်လည်း အတော်အဆင်ပြေပါတယ်။ focus ring ဟာ still lens တွေထက် ပိုပြီးချောမွေ့ပါတယ်။ လှည့်ဖို့ရာ တချို့ဆို 300-degrees လောက်ထိပါတော့ တိကျမှုမှာ အတော့ကို အဆင်ပြေပါတယ်။ Focus breathing လို့ခေါ်တဲ့ ဖိုးကပ်ပြောင်းတဲ့ အချိန်မှာ ရုပ်လှုပ်တာ အတော်နည်းပါတယ်။ iris ring မှာလည်း အလားတူ ပါဘဲ။ ရိုက်နေတဲ့ အချိန်မှာ အပါချာကို ချောချောမွေ့မွေ့ ကစားလို့ရပါတယ်။ အရေးကြီးတာက တစ်cutထဲအတွင်းမှာ အပါချာ ကစားသွားတာကို မသိသာဖို့ပါ။ ပြီးတော့ cinema lens တွေရဲ့ iris ring မှာ T-stop နဲ့ပြပါတယ်။ f-stop နဲ့ မဟုတ်ပါဘူး။ f-stop ဆိုတာကတော့ သင်္ချာသဘောအရ focal length ကို အပါချာ ပွင့်တဲ့ အပေါက် အချင်း( diameter) နဲ့ စားလို့ရတဲ့ ကိန်းဂဃန်း ပါ။ ဒါပေမဲ့ sensor ပေါ်ကို အလင်း ဘယ်လောက်ကျရောက်တယ် ဆိုတာကို အတိအကျ မဆိုလိုပါဘူး။ T-stop ကတော့ အလင်းဘယ်လောက် ဟာ lens ကိုဖြတ်ပြီး sensor ပေါ်ကိုကျရောက်တယ်ဆိုတာ အတိအကျ ဖေါ်ပြပါတယ်။ ဒါက ကင်မရာကိုင်တဲ့ သူတွေအတွက်အရေးကြီးပါတယ်။ ရိုက်နေရင်း lens လဲတဲ့အခါ ပထမ ဟာမှာ အပါချာ ဘယ်လောက်ထားတယ်ဆိုတာအတိုင်း ပြန်ထားတဲ့ အခါ သတိပြုရမဲ့ အချက်ပါ။ Aperture နဲ့ focus အမှတ်အသားတွေဟာ lens ရဲ့ ဘေးဘက်မှာရှိတဲ့ အတွက်လည်း ကင်မရာမန်းအတွက် ပိုပြီး အဆင်ပြေစေပါတယ်။ နောက်တစ်ခု cinema lenses အနေနဲ့ အားသာချက်က ဆီးရီး ဆက်အတွင်းမှာ lens တစ်ခုနဲ့တစ်ခု color ပြောင်းလဲခြင်းမရှိပါဘူး။ ဂီယာတွေရဲ့ တည်နေရာ ရှေ့ အဝအကျယ်တွေဟာလည်း တူညီကြတဲ့ အတွက် ပြောင်းလဲသုံးရာမှာ matte box နဲ့ focus အနေအထားတွေ ပြောင်းစရာ မလိုတဲ့ အတွက် သုံးရတာ လွယ်ကူပါတယ်။ Cinema lenses တွေရဲ့ အဓိက ပြဿနာကတော့ ဈေးကြီးတာပါဘဲ။ နောက် စဉ်းစားစရာတစ်ခုက still lens တွေမှာ manual lens တွေရှိပါတယ်။ အဲဒါတွေကိုလည်း သုံးနိုင်ပါတယ်။

7. လက်ဟောင်း still lens။ ဈေးသက်သာတဲ့ အခြေခံ lens တစ်ဆက်စာကို ဝယ်ဖို့စဉ်းစားရင်တော့ SLR lens တွေကိုလည်း စဉ်းစားနိုင်ပါတယ်။Canon, Nikon, Olympus နဲ့ Minoltaတို့ကထုတ်တဲ့ ဟာတွေရှိပါတယ်။ Second hand တွေဖြစ်လို့ ဈေးမကြီးသလို သူတို့တွေလည်း ခေသူမဟုတ် များဖြစ်ပါတယ်။

၈။ အရင် စမ်းကြည့်ပါ။ ကိုယ့်စိတ်ကြိုက်ဟုတ်မဟုတ်၊ သုံးရတာ အဆင်ပြေမပြေကို မဝယ်ခင် ဒါမှမဟုတ် မငှါးခင် စမ်းဖြစ်အောင် စမ်းကြည့်ပါ။ ပထမဆုံး ကိုယ့် အမြင်အရ မှန်တွေ ကြည်လင်နေရဲ့လား။ ဂီယာတွေ ညီညာတဲ့တန်းရဲ့လား၊ lens ကိုယ်ထည်ကောင်းမွန်ရဲ့လား ဘာညာပေါ့။ တစ်ဆက်ထဲမှဆိုရင်လည်း တချို့က ပုံထွက်မှာ နဲနဲလေး အဝါရောင်( warmer)သန်းနေသလား၊ ဒါမှမဟုတ် အပြာရောင်လေး( cooler)သန်းနေသလား ဘာညာတွေလည်း စစ်ရပါမယ်။ ကိုယ့်အကြိုက်ဟုတ်ရဲ့လား ဒါမှမဟုတ် ရိုက်မဲ့ဟာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ရွေးရပါမယ်။ ပုံ ဧရိယာ တစ်ခုလုံး ကြည်လင်ပြတ်သားမှု( sharpness and contrast) ကိုစစ်ရပါမယ်။ lens မကောင်းရင် ပုံရဲ့ အစွန်းဘက်တွေမှာ ပြတ်သားကြည်လင်မှုနည်းပါတယ်။ skin tone မှန်ရဲ့လား၊ focus အကွာအဝေးမှန်ရဲ့လား ဆိုတာတွေ စစ်ရပါမယ်။ ပြီးတော့ flares ရှိမရှိပေါ့။ကိုယ် သုံးမဲ့ ကင်မရာမှာ တပ်ပြီး စမ်းရင်အကောင်းဆုံးပါ။ ဘာလို့လဲ ဆိုတော့ lens နဲ့ sensor ကြားမှာ အရောင်ပြောင်းလဲ မှုတွေ ဖြစ်တတ်လို့ပါ။

၉။ ဇာတ်ညွှန်းကိုဖတ်ပါ။ ကိုယ်ရိုက်မဲ့ ဇာတ်လမ်း ရဲ့ ဇာတ်ညွှန်းကိုဖတ်ပါ။ မှတ်တမ်းဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ရိုက်မဲ့ အစီစဉ်ချပြီး ဖတ်ပါ။ ဖတ်နေရင် ဘယ်နေရာမှာ ဘယ်လိုရိုက်ရင် ဘာတွေလိုမယ်။ ဘာတွေပြင်ဆင်ထားရမယ် ဆိုတာတွေ ချရေးထားပါ။ ရိုက်ကူးရေးမှာ မလိုအပ်တဲ့ lens တွေအတွက် ပိုက်ဆံ အပိုမသုံးမိပါစေနဲ့ ။ ရိုက်ကွင်းပေါ်ရောက်တဲ့ အခါမှာလည်း ကင်မရာ တကားကားနဲ့ ပဲပေးနေမဲ့အစား ဒါရိုက်တာဆီသွားပြီး ဘယ်အခန်းကို ဘယ်လိုရိုက်မလဲ၊ မေးပါ။ ဆရာကြီးမလုပ်ပါနဲ့။ သူ့သဘောကိသိတဲ့အခါမှ အကြံပေးတဲ့သဘော ကိုယ့်အမြင်ကို ပြောပြပါ။ Lens အကြောင်းရေးတာ နယ်လွန်ကုန်ပြီ။ ဒီမှာဘဲ ရပ်လိုက်ဦးမယ်။

ကိုစိုး Joojar Cinematography 01/08/2017


Commentaires


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page