LED Lights' CRI
- Soe Naing
- Nov 23, 2017
- 1 min read
CRI ( Colour Rendering Index) ဓါတ်ပုံ/ video ကင်မရာသမားတွေ ရုပ်ရှင် သမားတွေ အတွက် မသိမဖြစ် သိထားရမယ့် ဟာလေးပါ။ အများစု ကမသိကြပါဘူး။ သတိလည်းမထားကြပါဘူး။ ရုပ်ထွက်ပိုင်း ဆိုင်ရာနဲ့ ပက်သက်လာရင် ကင်မရာတို့ lens တို့ setting တို့ ကိုပဲ အဓိက ထားပြီး စဉ်းစားလေ့ ပြောလေ့ရှိပါတယ်။ ကဲ ဒီတော့ CRI ဆိုတာ ဘာလဲ? နားလည်လွယ်အောင် ဥပမာ ပြောရရင် ညဘက် သို့မဟုတ် အမှောင်ထဲမှာဆိုရင် ဘယ်ပစ္စည်းဟာ ဘာအရောင် ဘယ်လိုအနေအထားဆိုတာ မသိပေမဲ့ အလင်းရောင် ကောင်းကောင်းနဲ့ဆိုရင်တော့ ပစ္စည်းတွေဟာ ဘာအရောင် ဘယ်လိုအနေအထားဆိုတာ ကွဲကွဲပြားပြား သိနိုင် သလိုပါပဲ။ အလင်းရောင်ရဲ့ ကြည်လင်မှုပေါ်မှာ မူတည်ပြီး မြင်ကွင်းတိကျမှုဆိုတာ ဖြစ်လာပါတယ်။ ဒီလိုပါပဲ အလင်းရရှိမှုပေါ်မှာမူတည်ပြီး ဝတ္ထု ပစ္စည်းတွေရဲ့ အလင်းပြန်မှု အညွှန်းကိန်းလို့ပဲ ဆိုကြပါစို့။ ဘယ်လိုပဲ ခေါ်ခေါ် ဒီနေရာမှာ အဓိက ပြောချင်တာက အလင်း( lighting) ပေါ်မှာ မူတည်ပြီး ရုပ်ပုံ ကြည်လင်ပြတ်သားမှု ဆိုတာ မူတည်နေတယ်ဆိုတာပါပဲ။ ရုပ်ထွက်ကောင်းဖို့ ရဲ့ တစိတ်တစ်ဒေသ ဖြစ်တယ်ဆိုတာ သတိရှိဖို့ပါပဲ။ ကဲ ဒီတော့ အလင်းအတွက် ဈေးကွက်မှာ အမျိုးမျိုးသော lighting ပစ္စည်းတွေရနိုင်ပေမဲ့ ကောင်းမကောင်းဆိုတာ ရှိပါတယ်။ ဈေးပေါပေါနဲ့ လင်းပြီးရောဆိုပြီးသုံးနေကြတာရှိသလို မသိလို့ သုံးနေတာတွေလည်း ရှိပါတယ်။ LED သုံးတာပါပဲ ဆိုမေပဲ့ တရုတ်လုပ် အဆင့်မမှီတဲ့ LED တွေကို မသုံးသင့်ပါဘူး။ တရုတ်လုပ်ပေမဲ့ အရည်အသွေးမှီတာတွေလည်းရှိပါတယ်။ စီးပွါးရေးသမားတွေက တော့ တွက်ခြေကိုက်အောင် တွန်းထိုး( ဆရာကြီးအထာနဲ့ ညာရောင်း ) ကြမှာပဲ။ ထားပါတော့ ။ အတိုချုပ်အနေနဲ့ CRI မြင့်တဲ့ light ကို သုံးရမှာဖြစ်ပါတယ်။ အောက်မှာ CRI နိမ့်တာနဲ့ မြင့်တာ ကွာခြားခြင်းကြောင့် ရုပ်ထွက် ကွာခြားပုံလေးတွေ ပြထားပါတယ်။




Comments