LED မီးဗန်း ဝယ်မယ်ဆိုရင်...
- Nov 23, 2017
- 1 min read

ရိုက်ကူးရေးမှာ လိုပ်အပ်တဲ့ ပုံကောင်း/ footages တွေရဖို့ဆိုတာ ကင်မရာကောင်းရုံ ကျွမ်းကျင်ရုံနဲ့ မပြီးပါဘူး။ လိုအပ်တဲ့ အလင်းရောင်ရရှိဖို့ လိုအပ်ပါတယ်။ အဲဒီတော့ အလင်းပေးဖို့ မီးထိုးပေးတာတွေလုပ်တဲ့အခါမှာ မှန်ကန် ကောင်းမွန်တဲ့ မီးကို ရွေးချယ်သုံးတတ်ခြင်းဟာ အရေးပါ ပါတယ်။ ရိုက်ကူးရေးအတွက် မီးဗန်း များဝယ်ရာမှာ သတိပြသင့်တာလေးတွေ ပြောချင်ပါတယ်။ LED တွေဟာ တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ CRI ပေါ်မှာမူတည်ပြီး ရုပ်ထွက်ကွာကြပါတယ်။ အဲဒီတော့ ကင်မရာ မန်းအတွက်လည်း WB ချိန်ရတာ အခက်ဖြစ်စေပါတယ်။ နောက်ဆုံး အက်ဒစ်ပြီး ကာလာချိန်တဲ့ အထိ ပေါ့။ ပြီးတော့ ရိုက်ကွင်းနေရာ အနေအထားအရရော လင်းအားလိုက်ပြီး အဆင်မပြေမှုတွေရှိနိုင်ပါတယ်။ အလင်းမလောက်လို့ ဗန်းအများကြီးနဲ့ ထိုးလည်း အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီတော့ မီးဝယ်ရင်... ၁) CRI ဘယ်လောက်ရှိလဲ။ ၂) လိုအပ်တဲ့ အကွာအဝေးမှာ lux ဘယ်လောက်ရှိလဲ။ .. ဆိုတာလေ့လာပြီးမှ ဝယ်သင့်ပါတယ်။

















Comments