Frame Rate( fps) ဟာ အရေးကြီးသလား။
- Soe Naing
- Nov 29, 2017
- 2 min read

ဓါတ်ပုံသမားတွေ အတွက်တော့ ဒီ ဖရိန်မ် ရိတ်ဟာ အရေးမကြီးပါဘူး။ ရုပ်ရှင်၊ video သမားတွေ အတွက်တော့ သိထား၊ နားလည်ထားသင့်ပါတယ်။ frame ဆိုတာ ရုပ်ရှင်၊ video မှာ ရုပ်ပုံ တစ်ပုံပါဘဲ။ ဒီလို ရုပ်ပုံတွေကို ဆက်စပ်ပြီးမှ မတူညီတဲ့ ရုပ်ပုံတွေကို အမြန်နှုန်းတစ်ခုနဲ့ ဆက်တိုက်ပြသွားခြင်းဖြင့် လှုပ်ရှားမှု ရုပ်ပုံ( motion picture) ကို ရရှိတာပါ။ ဒါကို ရုပ်ရှင်လို့ ခေါ်တာပေါ့နော်။ လူရဲ့ ဦးနှောက်ဟာ တစ်စက္ကန့်အတွင်းမှာ ပုံရိပ် ၁၂ ပုံ ၁၃ ပုံးအထိ မှတ်မိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီထက် ကျော်သွားရင် မမှတ်နိုင်ဘူးလို့ ဆိုပါတယ်။( ပုံတွေ ပြောင်းနေတာပါလားလို့ သိခြင်းကို ဆိုလိုပါတယ်။) အဲဒီတော့ လက်ရှိ ရုပ်ရှင်၊ video မှာ သုံးနေ၊ တွေ့နေကြတဲ့ frame rate (fps) တွေဟာ တစ်စက္ကန့် အတွင်းမှာ ပုံ ဘယ်နှစ်ပုံ ဖြတ်သွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ 24fps ဆိုရင် တစ်စက္ကန့်မှာ ၂၄ ပုံနှုန်း၊ 30 fps ဆိုရင် တစ်စက္ကန့်မှာ ပုံ ၃၀ နှုန်းပေါ့။ Frame rate မှာ 24fps, 30 fps အပြင် 25fps,50fps, 60fps.......120fps, 240fps ဆိုပြီးလည်း ရှိနေပြန်ပါတယ်။ (ကင်မရာမှာ ကိုယ် ကြိုက်သလို set ပြီး ကြိုက်သလောက် ထားရိုက်လို့လည်း ရပါတယ်။) ပြီးတော့ 23.976fps, 29.97fps နဲ့ 59.97fps ဆိုပြီးလည်း ရှိပါသေးတယ်။ ဘာကြောင့် ဒီလိုတွေ ရှိရတာလဲ ။ ဘယ်အချိန်မှာ ဘယ်နေရာမှာ သုံးတာလဲ၊ ဘာကြောင့်လဲ ဆိုတာတွေကို သိထားရင် မကောင်းဘူးလား။ ရုပ်ရှင် ၊ video သမားအတွက် မသိမဖြစ် သိထားရမှပါ။ သူများသုံးလို့ သုံးတယ်ဆိုတာထက် ကိုယ် ကိုယ်တိုင် ဘယ်လိုဆိုတာ သိသင့်ပါတယ်။ တစ်စက္ကန့် အတွင်းမှာ ဖြတ်သွားတဲ့ ပုံ အရေအတွက်နည်းရင် တုန်နေပြီး၊ များရင် ညက်ညောပါတယ်။ ဒါဆိုရင် များလေ၊ ကောင်းလေ လို့လည်း မဟုတ်ပြန်ပါဘူး။ နောက်တစ်ခု ထူးဆန်းတာက ရုပ်ရှင်နဲ့ လူသား ဖက်တွယ်မှုက အတော် စိတ်ဝင် စားစရာ ကောင်းပါတယ်။ ရုပ်ရှင်မှာ 24fps မဟုတ်ဘဲ 30fps ဆိုရင် ကြည့်သူရဲ့ စိတ်ထဲမှာ ရုပ်ရှင် အရသာ မရဘဲ၊ video အရသာလို့ဘဲ ပြောကြပါတယ်။ ရုပ်ရှင်ကြည့်ရာမှာ ဇာတ်လမ်း၊ဇာတ်ကွက် သရုပ်ဆောင်ပုံ အရောင်အသွေးတွေကိုသာ ခံစား ကြည့်ရှုကြတာ မဟုတ်ဘဲ လှုပ်ရှားမှုတွေကိုပါ တပါတည်း စွဲနေကြပါတယ်။ ဒီအချက်ကို မြန်မာ ရုပ်ရှင် လောကသား အတော်များများ မသိကြပါဘူး။ အလေးမထားကြတာမျိုးပေါ့။ ဒါဆိုရင် ဒီ 24fps က ဘယ်ကစပြီး ဘာလို့ 24fps ကိုသုံးတာလဲ။ အစဦးပိုင်းမှာ ပေါ်တဲ့ ကင်မရာတွေဟာ frame rate 14fps ကနေ 26fps အတွင်းရှိကြပြီး ပြတဲ့ အခါ ဖလင်မ်တွေကို လက်နဲ့ လှည့်ပြီး ပြကြတယ်လို့ ဆိုပါတယ်။ ရုပ်တွေရဲ့ အနှေးအမြန် မတူညီကြသလို အရုပ်တွေဟာလည်း ခုန်နေလေ့ ရှိပါတယ်။ ဖလင်မ် ကုန်ကျစရိတ် သက်သာအောင် 16fps လုပ်တာ များတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းကျတော့ လူအစား စက်နဲ့ လှည့်တဲ့ စံနစ်ကို တီထွင်လိုက်ကြပြီး ဖရိန်ရိတ်ကို ၁၈ ကနေ ၂၃ အတွင်း ညှိနှိုင်းလိုက်ကြပါတယ်။ ပြဖို့ ရုံတွေကို ပို့တဲ့ အခါမှာ ဘယ်လောက်မြန်တယ်၊နှေးတယ် ဆိုတာကိုပါ ရေးပေးကြရပါတယ်။ အသံတိပ် ရုပ်ရှင် တွေဟာ 16fps ကနေ 20fpsအတွင်းရှိကြပါတယ်။ အသံတိပ်ကနေ အသံထည့်လာတဲ့ အခါကျတော့ အသံကို ဖလင်မ်ရဲ့ ဘေးမှာ ထည့်ထားရတာကြောင့် အသံဟာ ဖရိန်မ်ရိတ် နည်းတဲ့ အခါ အဆင်မပြေပါဘူး။ အသံဟာ 24fps ထက်နည်းရင် မရတဲ့ အတွက် ရုပ်ရှင်ကို 24fps နဲ့ဘဲ ရိုက်လာကြပါတယ်။ ပြီးတော့ ၂၄ ဖရိန်မ် ထားတဲ့ အတွက်လည်း အက်ဒစ်သမားအတွက် တဝက် ၁၂ ဖရိန်မ်၊ တစိတ် ၆ ဖရိန်မ်ဘာညာ သုံးရတာ လွယ်ပါတယ်။ ဖလင်မ်ဈေးနှုန်းကြီးတာကြောင့်လည်း ဒီ အသံအတွက် အဆင်ပြေတဲ့ 24fps ကို သတ်မှတ်ရိုက်ကူးကြတာဖြစ်ပါတယ်။ နောက်ပိုင်း digital ခောတ် ကွန်ပျူတာ နဲ့ ရုပ်မြင်သံကြားများ ပေါ်လာတဲ့ အခါ၊ ဒီ 24fps နဲ့ ရိုက်ထားတဲ့ ရုပ်ရှင်တွေကို မော်နီတာ/ရုပ်မြင်သံကြားစက်မှာ ကြည့်ရတာ အဆင်မပြေ တာတွေ့လာကြပါတယ်။ သုံးတဲ့ လျှပ်စစ်ရဲ့ ကြိမ်နှုန်း(Hz) အပေါ်မူတည်ပြီး 30fps နဲ့ 25fps ဆိုတာတွေ ပြောင်းသုံးလာကြပါတယ်။ အဲဒီအခါက အင်တာလေ့စ် ကိုသုံးတဲ့ အတွက် လျှပ်စစ် ကြိမ်နှုန်း 60Hz သုံးတဲ့ အမေရိက၊ ဂျပန် နဲ့ မြန်မာမှာ NTSC 30fps ကိုသုံးပြီး ဥရောပနဲ့ ကျန် နိုင်ငံတွေမှာ 25fps(PAL) ကို သုံးလာကြပါတယ်။ upper 30 frame နဲ့ lower 30 frame ပေါ့နော်။ ဒီလိုဘဲ PAL မှာ upper 25 frame နဲ့ lower 25frame ပါ။ ဒါက အဖြူအမည်း ခောတ်ပေါ့နော်။ အဲဒီနောက် အဖြူအမည်း ကနေ ကာလာ ခောတ်ကို ပြောင်းလာတော့ ဒေတာတွေကို သယ်တဲ့နေရာမှာ ၀.၁ ရာခိုင်နှုန်းနှေးနေတာကို တွေရကာ နှေးတာကို ထပ်မဖြည့်ဘဲ ဖရိန်မ် ရိတ်ကို့ နှေးတာနဲ့ ညီမျှတဲ့ 23.976fps, 29.97fps နဲ့ 59.97fps တွေကို အစားထိုးပြီး သုံးကြပါတယ်။ ဒါတွေက frame rate ရဲ့ သမိုင်း အကျဉ်းပေါ့။ ခုနှစ်နဲ့ တွက်ကြပုံတွေကိုတော့ မပြောတော့ဘူး။ ဒါတွေကို သိဖို့ ဆိုတာထက် ဘယ် ဖရိန်မ် ရိတ်နဲ့ ရိုက်ရင် အဆင်ပြေမလဲ ဆို တာ သိဖို့ အရေးကြီးပါတယ်။ ရိုက်ချင်သလို ရိုက်ပြီး အက်ဒစ်လည်း လုပ်ချင်သလို လုပ် နေကြလည်း အဆင်ပြေနေတာ ဘဲလို့ ပြော ကြမလား။ မြန်မာ ပေါကားတွေ ရပ် ဆိုတာမှာ ဒါကလည်း တစ်စိတ်တစ်ဒေသ ပါပါတယ်။ အဆင့် မှီချင်ရင် အဆင့်ရှိတဲ့ စတန်းဒက်ကို လိုက်ဖို့ လိုပါတယ်။ ရိုက်တဲ့ အခါ အက်ဒစ်လုပ်တဲ့ အခါ ကိုယ့်ရဲ့ ဖိုင်နယ် project ရဲ့ frame rate ကို သိဖို့လိုပါတယ်။ ( မပူနဲ့ အက်ဒစ် ဆော့ဖ်ဝဲယားမှာ ဖရိန်မ် ရိတ်ကို ချိန်းလို့ရတယ်။ ) မှန်ပါတယ်။ ဒါကလည်း မဖြစ်သာတော့ မှ သုံးဖို့၊ သုံးလို့ရအောင်လို့ ထည့်ပေးထားတာပါ။ ဥပမာ၊ တစ်စက္ကန့်ကို ပုံ ၃၀ ရှိတဲ့ 30fps ကို 24fps ကို ပြောင်းရင် ပုံ ၆ ပုံကို ဖယ်ထုတ်ပစ်ရမှာ ဖြစ်တဲ့ အတွက် ၅ ဖရိန်မ်မှာ တစ်ဖရိန်မ်( ပုံတစ်ပုံ) လျှော့ပစ်ပါတယ်။ အဲဒီတော့ လှုပ်ရှားမှုတွေဟာ ပျက်စီးရပါတယ်။ ပြည်တွင်း ပရိတ်သတ်ကတော့ မသိပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် ဒါလေးတွေက အစ ဂရုစိုက်ဖို့ လိုပါတယ်။ ကင်မရာက အလှုပ်ဆိုရင် မသိသာပေမဲ့ ဆလိုက်ဒါနဲ့ စတယ်ရီ ရှော့ မျိုးဆိုရင် သိသာပါတယ်။ ဒီ frame rate(fps) ကို ရွေးချယ်ရာမှာလည်း shutter speed ကို ဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ 60fps ကို ရှပ်တာစပိ 1/30 ထားမိတယ်ဆိုပါစို့။ ရုပ်ပုံတွေဟာ 60fps မို့ တစ်စက္ကန်ကို ပုံ ၆၀ ရပေမဲ့ ပုံ ၃၀ ဟာ မိတ္တူ ပုံတွေပါ။ ဒီ shutter speed နဲ့ ပက်သက်လို့ သီးခြား ထပ်ရေးပါဦးမယ်။
ကိုစိုး Joojar Film Production 29/11/2017
Comentarios